ချစ်သူသို့.

Monday 24th August 2009 11:06pm 1
Co Coe Coreana @ marina
Co Coe Coreana @ marina
13 Posts
ချစ်သူရေ

အချစ်ဆိုတာ
ရွာမှန်းမသိ ၇ွာနေတဲ့ မိုးရေစက်တွေ လိုပါပဲ
သတိထားမိတဲ.အချိန်မှာ တော.
မိုးရေတွေကစိုစိုရွှဲသွားပြီလေ
Tuesday 25th August 2009 12:00pm 2
Min  Khant
Min Khant
19 Posts
ချစ်သူရေ ... အင်း ... ဘာပြောရင် ကောင်းမလဲ ...
Wednesday 26th August 2009 12:00am 3
A3S!R
A3S!R
58 Posts
ချစ်သူရေ ... ... ... ငါနောက်ချစ်သူအသစ်လေး လိုချင်နေပီ။ မြန်မြန်သေပါစေဗျာ ... ထီဟီ ;P
Wednesday 26th August 2009 07:23pm 4
HEY!
HEY!
4 Posts
တကယ်တော. ချစ်သူဆိုတာ.ကို.ဘ၀ကို သတ်ပြစ်နိုင်တဲ.သူပါ..........
Wednesday 13th January 2010 08:29pm 5
humourboy
humourboy
33 Posts
အော်.....ကျွန်တော်ကတော.ချစ်မိရင်အရမ်းကိုချစ်ပြီး...သူနဲအဆင်မပြေရင်ခံစားနောက်တော.........
Wednesday 13th January 2010 09:08pm 6
 Miss Universe
Miss Universe
328 Posts
ချစ်သူသို့ တဲ့လေ

အိုင်ကတော့ ချစ်ခဲ့ရတဲ့ သူ တစ်ယောက်ဆီသို့လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်
ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က တစ်ဖက်သက် အချစ်နဲ့ပဲ ချစ်ခဲ့ရတာလေ
သူကတော့ သူငယ်ချင်းလိုပဲ ခင်ရအောင် ဆိုပြီးတော့လေ

ကိုယ့်ချစ်တဲ့သူကို နောက်ထပ် အသဲကွဲ ထပ်မခံချင်ဘူးလေ
သူ တစ်ခါကွဲပြီးတာကို ကိုယ်ပါကွဲရတယ်လို့ ခံစားရတယ်ဟာ
နောက်ထပ် သူ့ကို လိမ်တဲ့သူ တစ်ယောက်နဲ့ မတွေ့စေချင်တော့ဘူးဟာ

ဒါပေမဲ့လေ သူက လမ်းမှားကို လိုက်နေတုန်းပဲလေ
ကိုယ်လဲ မတတ်နိုင်တော့ပါဘူး
ဒီတိုင်းပဲ ဘေးနားကနေ ကြည့်နေလိုက်တော့ပါ့မယ်

ဒါပေမဲ့ လေ သူ့ကို ပြောထားပြီးသားပါ
ဘယ်သူတွေ ဘယ်လို ပြောင်းပြောင်း ငါချစ်တာ မပြောင်းပါဘူးလို့
တစ်ဖက်သတ် အချစ်နဲ့ပဲ စောင့်နေပါတော့မယ်လို့

တစ်နေ့ ပြန်လာမှာကို တဖက်သတ်ချစ်ပြီး စောင့်မျှော်နေလျက်
Miss Universe
Thursday 14th January 2010 09:16pm 7
humourboy
humourboy
33 Posts
အော် ..ငါမှာဖြင်.ချစ်လိုက်ရတာသူကငါ.ကိုအဖြေပေးတယ် " ချစ်တော.ချစ်တယ်ဒါပေမဲ.ချစ်ရမဲသူရှိတယ်တဲ."ငါလေသူ.ရဲ.massage ကိုဖတ်ပြီးတော.online ကနေချက်ချင်းအောက်ပြီးနေတဲ.အိမ်လဲရောက်ရောငိုချပြစ်လိုက်တာတအားကို......
Friday 15th January 2010 05:04pm 8
 Miss Universe
Miss Universe
328 Posts
humourboy ရေ

နင် နဲ့ ငါ နဲ့ အဖြစ်ကလဲ တူလိုက်တာနော်

ဒါပေမဲ့ နင်က အရင် ဖြစ်သွားတာနဲ့

ငါက နောက်မှ ဖြစ်တာနဲ့ ပဲ ကွာတာဟ

နင်ကတော့ ချစ်တယ် လို့ ပြောခံ ရသေးတယ်

ငါ့မှာတော့ သူငယ်ချင်း ပဲ လုပ်ရအောင်နော်တဲ့လေ

အဲ့ဒီနေ့ online ကနေ ပြန်သွားတော့ ငါလဲ ဆိုင်ကယ်ပေါ်မှာပဲ

ငိုချလိုက်တယ်ဟာ ဘယ်ဟာမှ မမြင်တော့ဘူး

ကားတိုက်လဲ တိုက်ပေါ့ လို့သာ စိတ်ထဲကနေ ပြောလိုက်တော့တယ်

အခု ညတိုင်းလဲ အိပ် မပျော်ဘူးဟာ သူ့ပုံရိပ်တွေက မျက်လုံးထဲက မထွက်ဘူးဟာ
Thursday 28th January 2010 12:29pm 9
KoNaung152
KoNaung152
87 Posts
ကျွန်တော် online ကနေ ချစ်သူတစ်ယောက်ရခဲ့ ဘူးတယ်လွန်ခဲ့ တဲ့  ၄နှစ်လောက်က။ ချစ်လဲချစ်ခဲ့ ပါတယ်။ အတူရှိနေခဲ့ တဲ့ အချိန်တွေကိုလည်း ဒီနေ့ထိ မနေ့တစ်နေ့ကလိုဘဲ အမှတ်ရနေတုန်းပါဘဲ။
သူကူညီခဲ့ တာတွေကိုလည်းမမေ့ပါဘူး။ သူကတော့ ကစားသွားတယ်..ဂတိမတည် မျက်နှာများတဲ့ သူတစ်ယောက်လို ကျွန်တော့ကိုထင်နေလိမ့်မယ်။ ကျွန်တော်ဘက်က ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရတာကို သူနားလည်ပါစေလို့..ဒီနေရာကနေပြောချင်တယ်..။
Thursday 28th January 2010 12:56pm 10
MgoK
MgoK
13 Posts
ချစ်ခဲ့တယ့်သူတွေများနေတော့ ခုလောလောဆယ်ချစ်နေတယ့် သူလေးကို မှာချင်တယ်။

-နေကောင်းအောင်နေပါ.. ဘီယာတွေ အရမ်းသောက်မနေနဲ့..
-ကောင်မလေးတွေနဲ့ သွားမရှုပ်နဲ့ ကောင်လေးတွေနဲ့လဲ သိပ် နီးနီးကပ်ကပ်မနေနဲ့..
-မင်း သူငယ်ချင်းထဲက ဟိုလူကြီးကို မကြိုက်ပါဘူး..သူ မင်းကိုကြည့်တယ့်မျက်လုံးကို ငါ သိတယ်နော် ဒါပဲ
-ငါ့ကို ဆေးလိပ်သောက်တာမကြိုက်ရင် မင်းလဲ မင်းကောင်မလေးကိုဖြတ်.. (ငါသိတယ် မင်း သူ့ကို သေချာမှမကြိုက်တာ.. နမ်းတာတောင် မင်းသေချာမနမ်းခဲ့ဘူးဆိုတာ ငါသိတယ်)
-သေချာ စဉ်းစား.. နောက်ဆုံး ပြောခဲ့တာလေးကို.. (မင်းမော်ဒယ်သင်တန်းတက်လို့ကတော့.. ငါ့ကို ဘယ်တော့မှထပ်မတွေ့စေရဘူးလို့လေ..)
-ဘာ . . . နားမလည်တယ့် မျက်လုံးတွေနဲ့ ပြန်ကြည့်မနေနဲ့

ဒါပဲ။

မင်းကို ချစ်တယ့် ငါ..


Thursday 28th January 2010 05:38pm 11
 Miss Universe
Miss Universe
328 Posts

ချစ်သူသို့

သူရ ရေ

ကိုယ့်ကို နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘူးလားဟင်

ကိုယ် ကတော့ မျက်နှာလေးမြင်ချင်လွန်းလို့ ခေါ်မိပါတယ်

ယူ ပြောလိုက်ရင် အမြဲတမ်း ဘေးနားမှာ တစ်ယောက်က ရှိနေတာပဲ

မေးတော့လဲ သူငယ်ချင်း လို့ပဲ ပြောတယ်

ဒီကတော့ တစ်ဖက်သက် ချစ်နေရတာကို

နဲနဲလေးတောင် စာနာပေးမယ် မရှိဘူးဟာ

Friday 29th January 2010 02:25pm 12
Shane
Shane
1 Posts
Loveeeeeeeeee is seems to be easy but it still having big aggressive
Saturday 30th January 2010 10:54am 13
 Miss Universe
Miss Universe
328 Posts
ချစ်သူသို့

ချစ်ရပါသော ကိုကို သို့


““ ကံကြမ္မာ ဖန်လာသမျှ ... ကြုံဆုံရမယ် နင်နဲ့ငါ ...

အတူတူတို့ ရင်ဆိုင်ဖို့ ... ပုံအပ်ထားတယ် ယုံစမ်းပါ ...

နာကျင်တယ် ဒီရင်မှာ ... နင်လေ နားလည်လို့ပေးပါ ...

ဘာကြောင့်လဲ မဖြေရှာမရ ... ””

““အတားအဆီးများကြောင့် နင်နဲ့ငါ ... မမြင်နိုင်စည်းတွေက ခြားနား ...

ကွာဝေးတဲ့မိုင်များစွာ ... ငါဟာဖြတ်ကျော်ဖို့ကြိုးစား ...

ကမ္ဘာကြီးထဲမှာလျှောက်လာ ...ရေမြေဆုံးတိုင် ငါဆက်သွား ... ””

““နင် နဲ့ငါ အရင်တုန်းက ... အတိတ်က ... ဘာတွေဖြစ်ဖြစ် သွားပါကွာ””
Monday 1st February 2010 10:43pm 14
saikhunpha
saikhunpha
3 Posts
သိသည်လားမသိချင်တာလား
ငါနင့်ကိုချစ်တာ မပြောလည်းနင်သိတယ်နော်...
ငါနင့်အတွက်ဆိုရင် အရာအားလုံးပေးဆပ်ခဲ့တယ်........
ငါနင့်အတွက်ဆိုရင် ဘယ်အရာကိုမှမကြာက်ရွံ့ ခဲ့ဘူး..........
ငါနင့်အတွက်ဆိုရင် တစ်ခြားလူမယှဉ်နိုင်လောက်တဲ့ ပေးဆပ်မှုတွေနဲ့ပေးဆပ်ခဲ့တယ်............
ငါနင့်အတွက်ဆိုရင် သေဆိုသေရှင်ဆိုရှင်ခဲ့တယ်...........
ငါနင့်အတွက်ဆိုရင် ရုပ်သေးတစ်ရုပ်လည်းဖြစ်ခဲ့တယ်............
အရာအားလုံးဟာနင့်တစ်ယောက်အတွက်ပါပဲ..............စကားတစ်ခွန်းတော့ နင်ငါ့ကိုပြောဖူးပါတယ်( နင့်ကိုချစ်တာတော့ချစ်တယ် တာပေမဲ့ နင်ငါ့ကိုချစ်သလောက်တော့ နင့်ကိုငါမချစ်နိုင်ဘူး ........တာပေမဲ့သံယောဇဉ်တော့ရှိတယ်....တဲ့ ) ငါဘယ်လို ခံစားရမလည်းတောင်မသိတော့ဘူး.........
တာပေမဲ့ နင်ဟာ ငါ့ကို တစ်ခါသုံးခွက်တစ်လုံးလို သဘောထားသွားခဲ့တယ်ဆိုတာကို ငါသိလိုက်ရတဲ့အချိန်မှာငါတော်တော်နောက်ကျသွားခဲ့တယ်.................


Tuesday 2nd February 2010 09:03pm 15
Adolf Hitler
Adolf Hitler
19 Posts
ကိုယ် မင်းကို ချစ်နေတာ မင်း သိပါတယ် ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် မင်း ငါ့ ကိုပြန်မချစ်နိုင်ဘူးဆိုတာ ငါ ခန့်မှန်းမိတယ် ဒါပေမယ့် ရပါတယ် ဘာမှ မဖြစ်ပါဘူး
ငါ့ အချစ်က မင်းနဲ့ 175 မိုင် ဝေးနေပေမယ့် ၊ ပြန်မရနိုင်မှန်းသိပေမယ့် မချစ်ဘဲ မှမနေနိုင်တာ
ငါမင်းဆီက ဘာမှ မျှော်ကိုးပြီး ချစ်ခဲ့တာမဟုတ်ပါဘူး
မင်း ကငါ့ရဲ့ စိတ် ခံစားချက်တွေကို လမ်းပြခဲ့တာလေ
မင်းနဲ့ သာ မသိခဲ့ရင် ငါ့ ကို ငါါ ဟိုမိုလေးမှန်းတောင် သိမှာ မဟုတ်ဘူး
ငါမင်း ကို သိပ်ချစ်ပါတယ် လမင်းလေးရယ်

Tuesday 9th February 2010 02:30pm 16
 Miss Universe
Miss Universe
328 Posts
ချစ်သူသို့ /

“... ရင်ခုန်ချင်သူ တစ်ယောက်မက ရှိလဲ ... ငါရင်ခုန်တာ မင်းတစ်ယောက်ပဲ ...

... ငါရင်ခုန်တဲ့ မင်းလေးကလဲ .... ရင်ခုန်နေသူ တစ်ယောက်မကဘူး ...”

“... ရေး ... ရေး ... ငါ့ရည်းစားက သူ့ရည်းစား ဖြစ်နေတယ် ...”

မှ/

စုံလေး (Miss Universe)
Tuesday 9th February 2010 04:25pm 17
Shanti
Shanti
1452 Posts
ရေး.. ရေး...........
မင်းရည်းစားထက်ကို ငါ ပိုချစ်တာ.. ဆွေမျိုးများထက်ကို..ငါပိုချစ်တာ.. မင်းမိဘထက်ကို ငါပိုချစ်တာ.. မမျှော်လင့်ဘဲ.. နင် သိရှိသွားတာ.. မင်းရည်းစားတောင်... သိရဲ့ လား.. မင်းရည်းစားတောင်.. သိရဲ့.လား...

ငါ့ရဲ့ ရည်းစားကို မင်းမမီဘူး.. သူ့ ရဲ့ အချစ်များကို မင်းမမီဘူး... မင်းရဲ့ အလှ အပနဲ့ ပိုက်ဆံတွေလည်း ငါ့ရဲ့ နှလုံးသားကို မနွေးထွေးစေဘူး.. ငါ့ရဲ့ ရည်းစားလိုမင်းမချစ်နိုင်ဘူး.. တစ်နေ့ နေ့ နောက်တစ်ယောက်တော့ တွေ့မှာပါ... ငါ့ ရဲ့ ရည်းစားလို....

( သီချင်းဆိုသွားခြင်းသာဖြစ်သည် .. မည်သည့် အဓိပ္ပာယ်မှ မပါပါ စုံလေး )
Sunday 14th February 2010 01:53pm 18
Daniel
Daniel
13 Posts

á

Sunday 14th February 2010 01:54pm 19
Daniel
Daniel
13 Posts
á
Monday 15th February 2010 02:51pm 20
 Miss Universe
Miss Universe
328 Posts
á
Monday 15th February 2010 07:45pm 21
doubleyoutwist
doubleyoutwist
1 Posts
The more you love, the more you will suffer. á
Monday 15th February 2010 08:04pm 22
myanmarboy24
myanmarboy24
4 Posts
If u don't give urself a chance to love, how can u find it? But yes, nowadays it's money-love. Have money, have love. Yess?? Then the more u love, the more u suffer becoz u love the other person and the other person loves your money!!
Monday 22nd February 2010 06:18pm 23
lovely
lovely
89 Posts

နားလည်ပါတယ် သူငယ်ချင်းရယ်

နင်နဲ့ငါဟာမူလတန်းကတည်းကအတူတူတတ်ခဲ့တယ်နော်။နင်ဟာငါ့ထက်၁နှစ်ကြီးတယ်လေ။ငါ့အကိုရဲ့သူငယ်ချင်းကနင်ပေါ့နော်။
နင်ကိုသူငယ်ချင်းလိုခင်ခဲ့တယ်။သံယောဇဉ်လည်းရှိခဲ့တယ်။
ဒီလိုနဲ့ငါတို့အရွယ်ရောက်လာတော့လည်း နင်ကအရမ်းဆိုးလို့အများကပြောခဲ့တယ်လေ။
မှတ်မိပါသေးတယ်။၉တန်းနှစ်မှာနင့်ကိုငါစာသင်ပေးခဲ့တယ်။
၁၀တန်းရောက်တော့ငါတို့ချိန်းတွေ့တတ်ခဲ့တယ်နော်။
နင့်ဆိုက်ကယ်နောက်က​​ငါ့ဘဝလေးကပြည့်စုံနေခဲ့တာပေါ့။
ဒီလိုနဲ့ငါတခြားနိုင်ငံမှာကျောင်းတတ်ဖို့ဖြစ်လာခဲ့တယ်လေ။
ငါကျောင်းစာတွေနဲ့နင့်ကိုသတိမရနိုင်ခဲ့တာအမှန်ပါ။
ဒါပေမဲ့ ဟိုတနေ့ကငါ့သူငယ်ချင်းပြောတော့ နင်အိမ်ထောင်ကျသွားပြီတဲ့။ငါ့သူငယ်ချင်းက နင့်နဲ့တွေ့တော့ နင်ကပြောခဲ့တယ်ဆို။.။.။.။...
သူ့ကိုနားလည်ပေးပါတဲ့လေ။
နားလည်ပါတယ် သူငယ်ချင်းရယ်​​​​။.။.။...

Thursday 4th March 2010 11:04pm 24
Lampard
Lampard
223 Posts
(March 04, 2010) … အပျော်ဆုံးနေ့ …
ချစ်သူက ချစ်အဖြေပေးလို့  Valentine Day ထက်ပျော်နေပါတယ် …


ချစ်သူက ဒီလို ချစ်အဖြေပေးတယ်…

ကျွန်တော်လေ နေ့တိုင်း ကိုကို့ကိုပဲသတိရတယ်… တစ်ယောက်တည်းအားငယ်ရင်လည်း ကိုကို့ကို အနားမှာရှိစေချင်တယ်... ကိုကို့ကို ဘာလို့ချစ်မိသွားလဲ ကျွန်တော်မသိတော့ဘူးကိုကို... ချစ်တယ်ဗျာ… ကျွန်တော့ကိုမမေ့ပါနဲ့နော်… အချိန်တိုင်းကိုကို့ကို သတိရနေတဲ့သူရှိနေတာ ကိုကိုမမေ့လိုက်ပါနဲ့နော်…

ကိုယ်က ဒီလိုပြန်ပြီး ချစ်စကားချိုချိုပြောတယ်…

ညီညီရယ်… ညီညီ့ဆီက ချစ်တယ်ဆိုတဲ့ အဖြေလေးကိုကြားရလို့  ကိုကို အရမ်းဝမ်းသာတာပဲ… မင်းလေးကို ကိုကို သိပ်ချစ်တယ်ကွာ… ညီညီ့ကို ကိုကိုချစ်တာ မြတ်မြတ်နိုးနိုးလေး ချစ်တာပါ… ထွေးပိုက်ယုယ ကြင်နာချင်လို့  ချစ်တာပါ… ကိုကိုကလဲ ညီညီ့အနားမှာ အမြဲရှိနေချင်တဲ့သူပါ… တစ်ယောက်တည်း အားမငယ်ရဘူးနော်… ကိုကို့ကို လွမ်းနေပေါ့ ဟုတ်ပြီလား… ညီညီ့ကိုဘဲ ကိုကိုချစ်တယ်… ညီညီ့ကိုဘဲ ကိုကိုချစ်မယ်… လွမ်းတယ် ညီညီရယ်…

Sunday 14th March 2010 09:32pm 25
humourboy
humourboy
33 Posts
အင်းအဲ.ဒီလိုစကားချိုချိုလေးတွေပြောရင်သတိတာထားတော.
တာပေမဲ.အချစ်စစ်ဆိုတာရှားတယ်နော်

Please login or sign up to post on this network.
Click here to sign up now.